ကြက်ဥ

ကြက်ဥ

ကြက်ဥအနှစ်မှာ ဗီတာမင်များနှင့် သတ္ထုဓာတ်များအပါအဝင် ဆားဓာတ်ပါ အများအပြားပါဝင်နေပါတယ်။ ဒါ့အပြင် လူတင်းနှင့် ဇီယာဇီသင်းခေါ် အင်တီအောက်ဆင့်ဒင့်တွေပါလို့ မျက်စိရောဂါများဖြစ်တဲ့ အတွင်းတိမ်နှင့် အသက်ကြီးလာလို့ဖြစ်တတ်တဲ့ မြင်လွှာနဲ့ဆိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်

ကိုယ်အလေးချိန်ချသူတွေအတွက် ကြက်ဥကိုပုံမှာစားသုံးခြင်းဖြင့်လည်း ဝိတ်ကျစေနိုင်ပါတယ်။

ကြက်ဥအကာတွင်

  • ပရိုတိန်း ကြွယ်ဝသလို

အနှစ်တွင်

  • ကယ်လဆီယမ် ၊
  • သံဓါတ် ၊
  • ဖေါ့စဖိုရပ် ၊
  • ဇင့် ၊
  • ဗီတာမင် B1 , B6 , ဖိုးလိတ် ၊
  • ပင်တိုသင်းနစ် အက်ဆစ် ၊
  • ဗီတာမင် B12 , A , D , E နှင့်
  • omega 3 fatty acid , Choline ၊
  • Lutein နှင့် Zeaxanthin

တို့ ပါရှိပါသည် ။

Choline က နှလုံး သွေးကြောနှင့် ဆိးချို ရောဂါ ၊ မှတ်ဉာဏ်ချို့ ယွင်းသောရောဂါတို့ အတွက် ကောင်းပါသည် ။
Lutein နှင့် Zeaxanthin တို့သည် ဓါတ်တိုးကာကွယ်ပစ္စည်းများဖြစ်ပြီး မျက်စိကို ထိခိုက်စေသော အလင်းရောင်အန္တရာယ်မှ ကာကွယ်ပေးပါသည် ။

ကြက်ဥတစ်လုံးမှာ ပရိုတင်း ၆ ဂရမ်ကျော်ပါဝင်နေပြီး ထက်ဝက်ကျော်ဟာ အကာထဲမှာရှိပါတယ်။ခွန်အားဓာတ် ၇၀ ကယ်လိုရီပါဝင်နေပြီး ထိုကယ်လိုရီရဲ့ ၄-ပုံ ၃-ပုံကတော့ အနှစ်ထဲမှာ ပါရှိနေပါတယ်။ အဆီ၊သံဓာတ်၊B1/B6/B12..ဖောလစ်အက်စစ်၊ပင်တိုသင်းနစ် အက်ဆစ်၊ခိုလင်း…စတဲ့ ဗီတာမင် ဘီအုပ်စုတို့အပြင်၊ဗီတာမင်အေ၊ဗီတာမင်ဒီ စတဲ့ အာဟာရဓာတ်များလဲ ကြက်ဥအနှစ်မှာ ပါရှိပါတယ်။ဒါကြောင့် ကြက်ဥစားတဲ့ အခါမှာ..အကာကော အနှစ်ကော စားသုံးသင့်ပါတယ်။ကြက်ဥမှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ကလေးသူငယ်များ ကြီးထွားစေခြင်း၊အသက်ကြီးရွယ်အိုများ အိုမင်းရင့်ရော်မှုကို လျော့ကျစေနိုင်ခြင်း ထို့အပြင် ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ အရေးပါတဲ့အတွက်ကြောင့် ကြက်ဥကို အရွယ်သုံးပါးမရွေးစားသုံးပေးသင့်ပါတယ်။

ကြက်ဥနှင့် အန္တရာယ်

ကြက်ဥတင်မကဘဲ ဥအမျိုးမျိုးမှာ.. SALMONELLA လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။SALMONELLA ဆိုတာ အစာကတဆင့် ကူးစက်ရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယား တစ်မျိုးပဲ ဖြစ်ပါတယ်။ကလေးတွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ရောဂါပိုဖြစ်လွယ်ပါတယ်။ဘက်တီးရီးယား ကူးစက်ပိုးဝင်တဲ့ လက္ခဏာတွေကတော့ ဥတွေစားပြီးနောက်မှာ မကြာမီအချိန်အတွင်း ယားယံခြင်း၊အင်ပျဉ်အဖု အပိမ့်များထွက်ခြင်း၊ဝမ်းပျက်ခြင်း၊ဗိုက်နာခြင်းတို့ဖြစ်တတ်ပါတယ်…