ခရမ်းချဉ်သီး

ခရမ်းချဉ်သီး

အနီရောင် ခရမ်းချဉ်သီး အမှည့်တစ်ခွက်စာ ပမာဏမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ ဖောလိတ်နဲ့ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာ ဆိုဒီယမ်၊ ပြည့်ဝဆီ၊ ကိုလက်စထရောဓာတ်နဲ့ ကယ်လိုရီ ပါဝင်မှုက လျော့နည်းနေပါတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် B6 ၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ကြေးနီတို့ ပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တဲ့အပြင် ရေဓာတ်လည်း အပြည့်အဝ ပါဝင်တာကြောင့် ဗိုက်ပြည့်စေတဲ့ အစာဖြစ်ပါတယ်။

အသားအရေ ကျန်းမာလှပ

ခရမ်းချဉ်သီးဟာ အသားအရေကို ကြည့်ကောင်းစေပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာပါတဲ့ ဘီတာ ကယ်ရိုတင်းဓာတ်ဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု ဖြစ်နိုင်ခြေမှာ လျော့ကျစေပြီး အရေးကြောင်း ဖြစ်တာနဲ့ ပါးရေတွန့်တာတို့ကို လျော့ပါးစေပါတယ်။

အရိုးအဆစ် သန်မာ

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်ကေနဲ့ ကယ်လ်စီယမ်တို့ဟာ အရိုးတွေက သန်စွမ်းစေပြီး ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ လိုင်ကိုပင်းဟာ အရိုးထုက အားကောင်းစေတဲ့အတွက် အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကို တွန်းလှန်

ခရမ်းချဉ်သီးဟာ ကင်ဆာကို တွန်းလှန်ပေးတဲ့ သဘာဝ အာဟာရပါ။ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ်၊ သားအိမ်ခေါင်း၊ ခံတွင်း၊ လည်ချောင်း၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ မမျိုးဥအိမ်နဲ့ ဆီးကျိတ်အပါအဝင် ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဗီတာမင်အေနဲ့ စီတွေက ဆဲလ်ထိခိုက်မှု ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ခိုက်ပေးတာကြောင့်ပါ။

သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်

ခရမ်းချဉ်သီးဟာ သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးမှာ ခရိုမီယမ်ပမာဏ များစွာ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပေးနေတာပါ။

အမြင်အာရုံကို ကောင်းမွန်စေ

ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေရုံ သာမက ညဘက်မှာ မျက်စိမမြင်တာကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု ဖြစ်နှုန်းကို လျော့ကျပေးနိုင်ပါတယ်။

ဆံပင်သား ကျန်းမာသန်စွမ်း

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်အေဟာ ဆံပင်သားကို သန်စွမ်းတောက်ပစေပါတယ်။ ဆံပင်ပါးတာကို ထူထဲ မလာစေနိုင်ပေမယ့် သင့်ဆံပင်သားကို အခုထက်ပိုပြီး ကြည့်ကောင်းစေပါတယ်။

ဆီးကျောက်တည်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်း မဖြစ်အောင်ကာကွယ်

နာတာရှည် နာကျင်မှုကို လျှော့ချ

ဘိုင်အိုဖလေဗိုးနွိုက်နဲ့ ကာရိုတီးနွိုက်တို့ မြင့်မားစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါသည်

ကိုယ်အလေးချိန်ကို ထိန်းချုပ်

ခရမ်းချဉ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကယ်လိုရီနဲ့ အဆီပိုတွေ အများကြီး မရရှိစေဘဲ ဗိုက်ပြည့်စေပါတယ်။

ကျန်းမာရေးရာ

  • ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။
  • ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။
  • ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။
  • ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။
  • ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။
  • ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။ အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။
  • Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။
  • Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။
  • ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။