ဆား

ဆား

လည်ချောင်းနာတာ၊ သွားကိုက်တာ၊ ခြင်ကိုက်တာ၊ သွားဖုံးနာတာနဲ့မီးပူလောင်တာစတဲ့ ဝေဒနာတွေ အတွက်ဆားကို အသုံးပြုနိုင်ပါတယ်။ ကျန်းမာရေးအတွက် အနာကျက်စေနိုင်တဲ့ ဆားကို အသုံးပြုနိုင်ပါ တယ်။

၁။ လည်ချောင်းနာခြင်း

လည်ချောင်းနာတာအတွက် အိမ်တွင်းကုထုံးအနေနဲ့ ကြက်သီးနွေးရေထဲကို ဆားခတ်ပြီး ပလုတ်ကျင်းပေး ရပါမယ်။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲကို ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး တစ်နေ့မှာ အကြိမ်
ရေများများ ပလုတ်ကျင်းပေးပါ။ လည်ချောင်းနာတာ သုံးရက်ကျော်ကြာနေရင် ဒါမှမဟုတ် အဖျားကြီးတာ နဲ့တွဲဖြစ်နေရင် ဆရာဝန်နဲ့ပြပါ။

၃။ မီးပူလောင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း

အလွန်ပူတဲ့ အစားအသောက် တစ်ခုခုကို စားသောက်မိတာကြောင့် ပါးစပ်ထဲမှာ အလွန်ပူသွားရင် ဆားရေ နဲ့ ပလုတ်ကျင်းပေးလိုက်ပါ။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲ ဆားလက်ဖက်စားဇွန်း တစ်ဝက်ထည့်ပြီး တစ် နာရီကြာ တစ်ကြိမ် ပလုတ်ကျင်းပေးပါ။
နှာခေါင်းပိတ်ခြင်းနှာခေါင်းပိတ်တာ သက်သာစေဖို့ ဆားရည်ကို နှာခေါင်းထဲ အစက်အနည်းငယ်ချပေးပါ။

၃။ သွားဖုံးနာကျင်ခြင်း

သွားဖုံးနာနေရင် ကြက်သီးနွေးရေတစ်ခွက်ထဲကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ငုံပေးပါ။ အနာ ရှိနေရင်ဆားဟာ ကူးစက်ပိုးတချို့ကို ဆွဲယူသွားပါလိမ့်မယ်။ သွားဖုံးနာကျင်နေပါက ဖြစ်နိုင်သမျှ ချက်ချင်း သွားဆရာဝန်က ကုသမှုပေးပါလိမ့်မယ်။

၄။ သွားကိုက်ခြင်း

သွားဆရာဝန်ဆီ မသွားနိုင်သေးခင်မှာ သွားကိုက်ဝေဒနာ ယာယီသက်သာစေဖို့အတွက် ကြက်သီးနွေးရေ တစ်ခွက်၊ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ဆား ထမင်းစားဇွန်းတစ်ဇွန်းတို့ကို ရောပြီး ရလာတဲ့ အရည် နဲ့ ပလုတ်ကျင်းပေးပါ။

၅။ လျှာကိုက်မိခြင်း၊ ပါးစောင်ကိုက်မိခြင်း

လျှာ ဒါမှမဟုတ် ပါးစောင်ကို ကိုက်မိတာကြောင့် သွေးထွက်နိုင်သလို ပြင်းထန်တဲ့ နာကျင်မှုကိုလည်း ခံစား ရတတ်ပါတယ်။ ဒီနာကျင်မှုဝေဒနာ သက်သာစေဖို့ ကြက်သီးနွေးရေ တစ်ခွက်ထဲ ဆား လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ပလုတ်ကျင်းပေးပါ။