ပဲလွန်း

ပဲလွန်း

တစ်ခွက်စားသုံးတိုင်း ကယ်လယ်စီယံ ၂၁၁ မီလီဂရမ်၊ ဗဖာလစ်အက်စစ် ၂ဝ၉ မီလီဂရမ်နှင့် ဘီတာမင် အေ ၁၃ဝ၅ IU နှင့် အခြားအဟာရများ ပါဝင်ကြောင်း သိရပါသည်။

ပဲလွန်းတွင်ပါဝင်သော အဟာရဓါတ်များ

ပဲမျိုးစုံအကြောင်းမှတ်တမ်းတွင် အာဟာရဓါတ်ပါဝင်မှုကို အောက်ပါအတိုင်း လေ့လာဖော်ပြ ထားသည်ကို တွေ့ရပါသည်။

  • (၁) အစိုဓါတ် (Moisture %) ၁၁.ဝဝ %
  • (၂) အဆီဓါတ် (Fat %) ၁.၃ဝ %
  • (၃) အမျှင်ဓါတ် (Fibre %) ၃.၉ဝ %
  • (၄) ပရိုတင်းဓါတ် (Protein %) ၂၅.၆ဝ %
  • (၅) ပြာဓါတ် (Ash %) ၃.၆ဝ %
  • (၆) ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) ၅၆.၈ဝ %

ပဲလွန်းကို အသီးနုချိန်တွင် ဟင်းလျာအဖြစ် ပြုတ်၊ ချက် စားသုံး၍ အသီးမှည့်ချိန်တွင် ကောက်ညှင်းနှင့်ပေါင်းစားခြင်း၊ အစေ့ကိုလှော်စားခြင်း၊ ဆန်နှင့်ရော၍ (မန္တလေးပဲကြော်၊ ပဲစအုကြော် အဖြစ်) ကြော်စားခြင်၊ အပင်ဖောက်စားသုံးကြသည်။