ကန်စွန်းဥ နှစ်ထပ်မုန့်

ကန်စွန်းဥ နှစ်ထပ်မုန့်

ကန်စွန်းဥ နှစ်ထပ်မုန့် ကန်စွန်းဥ နှစ်ထပ်မုန့်ကန်စွန်းဥ နှစ်ထပ်မုန့်ကန်စွန်းဥ နှစ်ထပ်မုန့်ကန်စွန်းဥ နှစ်ထပ်မုန့်

၁။ မွှေးကော်မှုန့်150g
၂။ မွှေးဆန်စိမ်းမှုန့်150g
၃။ ကန်စွန်းဥ300g
၄။ ဆားအနည်းငယ်
၅။ သကြား250g
၆။ အုန်းနို့800g
၇။ ရေ200ml

 

  • ၁။ ကန်စွန်းဥကို အခွံခွာ၍ ရေစင်အောင်ဆေးပါ။
  • ၂။ ပါးပါးလှီး၍ ပေါင်းအိုးဖြင့် မိနစ် ၂၀ ( သို့ ) ၃၀ ခန့် ပေါင်းပါ။
  • ၃။ ပေါင်းထားသော ကန်စွန်းဥကို ချေပေးပါ။ ပြီးလျှင် မွှေးကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း ထည့်ပါ။
  • ၄။ ပန်းကန်တစ်ခုထဲသို့ ရေ ၅၀ မီလီ နှင့် မွှေးဆန်အစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်း ထည့်မွှေပါ။
  • ၅။ ပန်းကန်တစ်ခုထဲတွင် လက်ကျန် မွှေးကော်မှုန့်နှင့် မွှေးဆန်စိမ်းမှုန့်တို့ကို သကြား ၂၅၀ ဂရမ် ၊ ဆားအနည်းငယ် တို့ဖြင့် ရောမွှေပါ။ ရောမွှေ၍ နှံ့လျှင် အုန်းနို့ ၄၀၀ မီလီ ၂ဘူး ထည့်မွှေပါ။ သမအောင်မွှေပြီးလျှင် ရေ ၁၅၀ မီလီ ထည့်၍ မွှေပါ။သကြားပျော်ရန် ၁၅ မိနစ်ထားပါ။ ဖျော်ထားသော မုန့်ရည်၏ ၃ပုံ၁ပုံကို ဆန်စိမ်းရည်ထဲ လောင်းထည့်ပါ။
  • ၆။ကန်စွန်းဥထဲသို့ လက်ကျန်မုန့်နှစ်ရည် ၃ ပုံ ၂ ပုံ ထည့်မွှေပါ။
  • ၇။ အဆင်သင့်ဖြစ်ပါက စက္ကူခွက်ထဲသို့ ကန်စွန်းဥရည် တစ်ဝက်ကျော်ကျော်ဖြည့်ပါ။ မိနစ် ၂၀ ကြာပေါင်းပေးပါ။ မိနစ် ၂၀ ပြည့်လျှင် ဆန်စိမ်းနှင့် အုန်းနို့ရည်ရောထားသော မုန့်နှစ်ရည်ကို ထပ်ဖြည့်ပါ။ မိနစ် ၂၀ ထပ်ပေါင်းပါ။

မှတ်ချက်။ ။ စက္ကူခွက်မရှိလျှင်လည်း ပန်းကန်လုံးတွင် ထည့်၍ ပေါင်းနိုင်ပါသည်။

Video