၁။ မွှေးကော်မှုန့် | 150g |
၂။ မွှေးငြုပ်ကောင်းမှုန့် | အနည်းငယ် |
၃။ မုန်လာဥနီ | 300 g |
၄။ မုန်လာဥဖြူ | 800 g |
၅။ ငြုပ်သီးစိမ်း | ၈ တောင့် |
၆။ ဂျင်း | လက်နှစ်ဆစ်ခန့် |
၇။ ကြက်သား | 75 g |
၈။ ကြက်သွန်ဖြူ | ၃ မွှာ |
၉။ ပဲငံပြာရည် အကြည်ရည် | ၂ ဇွန်း ( ဇွန်းကြီး) |
၁၀။ ဟင်းခတ်မှုန့် | ၂ ဇွန်း ( လက်ဖက်ရည်ဇွန်း) |
၁၁။ သကြား | ၂ ဇွန်း ( လက်ဖက်ရည်ဇွန်း ) |
၁၂။ ကြက်သွန်မြိတ် | အနည်းငယ် |
- ၁။ ပထမဦးစွာ မုန်လာဥဖြူနှင့် မုန်လာဥနီကို အခွံခွာ၍ ရေစင်အောင်ဆေးပါ။ ပြီးလျျင် ခြစ်နှင့်ခြစ်ပါ။ ရလျှင် ဆားအနည်းငယ်ထည့်၍ နယ်ပေးပါ။ အရည်များထွက်လာသည်အထိ နယ်ပေးပါ။
- ၂။ ပြီးလျှင် အရည်များမကျန်စေရန် လက်နှင့် နာနာစစ်ပေးပါ
- ၃။ အရည်လုံးဝမကျန်တော့သည့် မုန်လာဥကို ကော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ထည့်ပါ။ ( ကော်မှုန့်ကို မထည့်ခင် ၁ ဇွန်း ဖယ်ထားပါ။)
- ၄။ ကော်မှုန့်နှင့် မုန်လာဥဖတ်များ တစ်သားတည်းကျသွားသည်အထိ နယ်ပေးပါ။
- ၅။ ရလျှင် အနေတော်အလုံးများ လုံးပါ။ ရေဆူဆူဖြင့် ၅ မိနစ်ခန့် ပေါင်းပါ။
- ၆။ ဟင်းအနှစ်ပြုလုပ်ရန်အတွက် ဖယ်ထားသော ကော်မှုန့် ၁ ဇွန်းကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။
- ၇။ ကြက်သားကို နုတ်နုတ်စင်းထားပါ။
- ၈။ ငရုပ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ကို အနေတော်အချောင်းလေးများ လှီးပါ။ ကြက်သွန်ဖြူ ၃မွှာခန့် ထောင်းထားပါ။
- ၉။ ဆီအနည်းငယ်ဖြင့် ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ဆီသတ်ပါ။ ရလျှင် ကြက်သားထည့်ပါ။ ကြက်သားရလျှင် ပဲငံပြာရည်အကြည်ရည် ၂ ဇွန်း ထည့်ပါ။ ဟင်းခတ်မှုန့် ၊ သကြား ထည့်ပါ။ ငရုပ်သီးစိမ်း ထည့်ပါ။ ခဏနေလျျင် ကော်ရည်နှင့် ရေ ၁၅၀ မီလီထည့်ပါ။ မွှေပေးပါ။
- ၁၀။ ရခါနီးတွင် မွှေးငြုပ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ်ထည့်ပါ။
- ၁၁။ အပေါ့အငံ အနေတော်ဖြစ်ပါက ပေါင်းထားသော မုန်လာဥပေါ်တွင် ဟင်းအနှစ်ဆမ်းပေးပါ။
အရသာ ထူးကဲကောင်းမွန်သော ကြက်မုန်လာရှူးရှဲ ရပါပြီ။