မွှေးကော်မှုန့် | ၁၅၀ ဂရမ် |
မွှေးငြုပ်ကောင်းမှုန့် | အနည်းငယ် |
ကြက်သား | ၄၀ ကျပ်သား |
ကြက်ဥ | ၂ လုံး |
ကြက်သွန်နီ | ၂ လုံး |
ကြက်သွန်ဖြူ | ၂ ဥ |
ကြက်သွန်မြိတ် | အနည်းငယ် |
ဆီ | အနည်းငယ် |
ရေခဲရေ | ၂၅၀ မီလီ |
အရသာမှုန့် | ၁ ဇွန်း ( ဇွန်းကြီး) |
သကြား | ၃ ဇွန်း / ၃၀ ဂရမ် ( ဇွန်းကြီး) |
နှမ်းဆီ | ၃ ဇွန်း ( ဇွန်းကြီး) |
ဆား | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) |
- ၁။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ လေးစိပ်စိပ်ထားသော ကြက်သွန်နီဥ ၂ လုံး နှင့် ကြက်သွန်ဖြူ အနည်းငယ်ကို ဆီသတ်ပေးပါ။
- ၂။ ကြက်သားလုံးလုပ်ရန် ကြိတ်စက်ထဲသို့ ဆီသတ်ထားသော ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ထည့်၍ ကြိတ်ပေးပါ။
- ၃။ ကြိတ်ပြီးလျှင် ကြက်သားရင်အုံ ၄၀ ကျပ်သား ၊ ဆား ၂ ဇွန်း ၊ သကြား ၃ ဇွန်း ၊ ဟင်းခတ်မှုန့် ၁ ဇွန်း ၊ နှမ်းဆီမွှေး ၃ ဇွန်း ၊ မွှေးကော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ် ၊ မွှေးငရုပ်ကောင်းမှုန့် အနည်းငယ် ၊ ကြက်ဥအကာ ၂လုံးတို့ကို ထည့်၍ ကြိတ်ပါ။
- ၄။ ကြိတ်နေစဉ် ရေခဲရေ ၂၅၀ မီလီ ထည့်၍ ကြိတ်ပေးပါ။ အားလုံးကြေညက်သွားလျင် ကြက်သားလုံးလုပ်ရန်အတွက် ရေနွေးတည်ပါ။ ရေဆူလာလျှင် ဆားအနည်းငယ်ထည့်ပါ။
- ၅။ ထို့နောက် ကြိတ်ထားသော ကြက်သားကို မိမိနှစ်သက်သလို အရွယ်အစား ပြုလုပ်၍ ရေပွက်ပွက်ဆူသည့်အထဲ ထည့်ပါ။
- ၆။ အသားလုံးလေးများအပေါ်တက်လာလျှင် ဆယ်ယူ၍ ရေစစ်ထားပါ။
အရသာလည်းရှိ ၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်တဲ့ ကြက်သားလုံးကို မိမိနှစ်သက်သည့် ဆောစ့်တစ်မျိုးမျိုးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါသည်။
မှတ်ချက် ။ ။ ဟင်းချို ပြုလုပ်လိုလျှင် ကြက်သားပြုတ်ရည်နှင့် ကြက်သားလုံး ၊ မှိုခြောက် ၊ မွှေးငြုပ်ကောင်းမှုန့် ၊ ကြက်သားမှုန့်အနည်းငယ် ၊ ကြက်သွန်မြိတ်တို့ ထည့်၍လည်း ဟင်းချိုပြုလုပ်နိုင်ပါသည်။