ငှက်ပျောရွှေကြည်မုန့်

ငှက်ပျောရွှေကြည်မုန့်
၁။ မွှေးရွှေကြည်150g
၂။ ရွှေလိပ်ပြာအကြော်မှုန့်150g
၃။ ငှက်ပျောသီး၈ လုံး
၄။ ကြက်ဥ၅ လုံး
၅။ သကြား၂၅ ဂရမ်
၆။ နို့မှုန့်၁၂၀ ဂရမ်
၇။ ဆားအနည်းငယ်
၈။ ရေ၁၀ မီလီ
၉။ Bread Crumbs မှုန့်အနည်းငယ်
  • ဌက်ပျောသီး ၈ လုံးကို အခွံခွာပါ။ ကြိတ်စက်ဖြင့်ကြိတ်ပါ။ ကြိတ်နေစဉ် ရေအနည်းငယ် ( သို့) 10ml ထည့်ပါ။
  • ဌက်ပျောသီး ကြေလျှင် မွှေးရွှေကြည် ၁ ထုပ် ၊ နို့မှုန့် ၁၂၀ ဂရမ် ၊ သကြား ၂၅ ဂရမ် ၊ ဆားအနည်းငယ် ၊ ကြက်ဥ ၂ လုံးတို့ကို ထည့်၍ ကြိတ်ပေးပါ။
  • အားလုံးသမ၍ ကြေညက်သွားလျှင် ခွက်တစ်ခုကို ဆီစိမ် စက္ကူခံ၍ လောင်းထည့်ပါ။ မျက်နှာပြင်ညီအောင် ညှိပေးပါ။
  • ပေါင်းအိုးနှင့် မိနစ် ၂၀ ခန့် ပေါင်းပါ။ ရလျှင် အအေးခံထားပါ။
  •  ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ ရွှေလိပ်ပြာ အကြော်မှုန့် တစ်ထုပ်နှင့် Bread Crumbs မှုန့်ကို ပန်းကန်ထဲ ထည့်ထားပါ။
  • ဌက်ပျောရွှေကြည်အေးလျှင် အနေတော်အတုံးများစိပ်ပါ။
  • ရလျှင် ဆီဆူအောင် တည်ပါ။ ဌက်ပျောရွှေကြည် တစ်တုံးချင်းကို ရွှေလိပ်ပြာအကြော်မှုန့် လူးပါ။ ကြက်ဥရည်လူးပါ။ Bread Crumbs မှုန့်လူးပါ။ ထည့်ကြော်ပါ။
  • ရွှေညိုရောင်သန်းလာလျှင် ဆယ်၍ ဆီစစ်ပါ။
  • ဌက်ပျောရွှေကြည်မုန့်ကို ချောကလက်နှင့် တွဲဖက်၍လည်း စားနိုင်ပါသည်။

Video