ဆွမ်းမွှေးခေါက်မုန့် Khaut Mont ( with pandan jam )

ပါဝင်ပစ္စည်း
၁။မွှေးဂျုံမှုန့် ၁၅၀ဂရမ် ၁ထုပ်
၂။ကြက်ဥ ၁လုံး
၃။သကြား ၃၀ ဂရမ်
၄။ဆား အနည်းငယ်
၅။Yeast (တဆေး) ၂ ဂရမ်
၆။ရေ ၂၅၀ မီလီ

ဆွမ်းမွှေးယိုပြုလုပ်ရန်

၁။မွှေးကော်မှုန့် ၁၅ ဂရမ်
၂။ကြက်ဥ ( အနှစ် ) ၁ လုံး
၃။သကြား ၅၀ ဂရမ်
၄။ဆား အနည်းငယ်
၅။ထောပတ် ၁၅ ဂရမ်
၆။ဆွမ်းမွှေးရွက် ၂၀ ဂရမ်
၇။နွားနို့ ၂၅၀ မီလီ

ဆွမ်းမွှေးခေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်

၁။ကြက်ဥ ၁လုံး ၊ သကြား ၃၀ ဂရမ် ၊ ဆား အနည်းငယ် ၊ မွှေးဂျုံမှုန့် ၁၅၀ ဂရမ် ၁ ထုပ် ၊ Yeast ( တဆေး ) လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ ရေ ၂၅၀ မီလီ ထည့်၍ သမအောင် မွှေပါ။
ပလတ်စတစ်ဖြင့် လုံအောင် အုပ်၍ ၁ နာရီ နှပ်ထားပါ။

(မုန့်ရည်နှပ်ထားစဉ် ဆွမ်းမွှေးအနှစ်ပြုလုပ်ပါမည်။)

၂။ဆွမ်းမွှေးရွက်ကို နွားနို့ ၂၅၀ မီလီ ဖြင့် ကြိတ်ပါ။ ရလျှင် အဝတ်ပါးဖြင့် အရည်စစ်ပါ။

၃။ကျိုမည့်အိုးထဲတွင် ကြက်ဥအနှစ် ၁လုံး ၊ သကြား ၅၀ ဂရမ် ၊ ဆား အနည်းငယ်ထည့်၍ မွှေပါ။မွှေးကော်မှုန့် ၁ ဇွန်း (၁၅ဂရမ်) နှင့် ဆွမ်းမွှေးရည် ထည့်၍ သမအောင် မွှေပါ။ မီးအသင့်အတင့်ဖြင့် ကျိုပါ။ အနည်းငယ်ပျစ်လာလျှင် ထောပတ် ၁၅ ဂရမ် ထည့်ပါ။ ပျစ်လာလျှင် ဆယ်ယူ၍ အအေးခံထားပါ။

၄။ခေါက်မုန့်ပြုလုပ်ရန် ဒယ်အိုး အဝိုင်းပြားကို မီးအသင့်အတင့်ဖြင့်ထား၍ ဆီအနည်းငယ်သုတ်ပါ။ ထို့နောက် တစ်ရှူးဖြင့် ပြန်သုတ်၍ မုန့်နှစ်ရည်ကို မထူမပါး အဝိုင်းပုံစံထည့်ပါ။ မုန့်သားပေါက်လျှင် ဆယ်ယူနိုင်ပါပြီ။

၅။ခေါက်မုန့်အလယ်တွင် ဆွမ်းမွှေးအနှစ် ထည့်၍ သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။ ။ ခေါက်မုန့်ကို Food color ထည့်၍လည်းပြုလုပ်နိုင်ပါသည်။ video ဖြင့်လည်း ထပ်မံကြည့်ရှုနိုင်ပါသည်။

Video