တို့ဟူးကျိုနည်းနှင့် တို့ဟူးကြော်

တို့ဟူးကျိုနည်းနှင့် တို့ဟူးကြော်

အချိန်တိုတိုအတွင်း လျင်မြန်စွာ မွှေးပဲစိမ်းမှုန့်နှင့် တို့ဟူးကျိုနည်းနှင့် တို့ဟူးကြော်

၁။ မွှေးပဲစိမ်းမှုန့်၁၅၀ ဂရမ် ၁ ထုပ်
၂။ ဟင်းခတ်မှုန့်(လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
၃။ ဆား( လက်ဖက်ရည်ဇွန်း ) ၁ ဇွန်း
၄။ နနွင်းအနည်းငယ်

တို့ဟူးကျိုရန်ပြုလုပ်ပုံအဆင့်အဆင့်

  • ၁။ ပထမဦးစွာ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် ကို ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် နနွင်းအနည်းငယ် ထည့်ပါ။ ရေ ၃၂၅ မီလီ ထည့်ပါ။
  • ၂။ ထို့နောက် မွှေစက် ( mixer ) ဖြင့်မွှေပေးပါ။
  • ၃။ တို့ဟူးကျိုမည့် ဒယ်အိုးထဲသို့ ရေ ၃၂၅ မီလီ ထည့်ပါ။
  • ၄။ ရေပူပူ ( သို့ ) ရေဆူခါနီးအချိန် ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို လောင်းထည့်ပါ။
  • ၅။ ထို့နောက်မီးပြင်းပြင်းဖြင့် ကျိုပေးပါ။ ကျိုနေစဉ် အဆက်မပြတ်မွှေပေးပါ။
  • ၆။ ပျစ်လာလျှင် မီးအနည်းငယ်လျှော့ပြီး (မီးအသင့်အတင့်) ဖြင့် ကျိုပါ။
  • ၇။ ပျစ်လာချိန်တွင် အဆက်မပြတ်မွှေပေးပါ။ တို့ဟူးသားကောင်းအောင် နာနာမွှေပေးပါ။ ညောင်စေးကျမကျ ဆွဲမကြည့်ပါ။ ၈ မိနစ် (သို့) ၁၀မိနစ်ခန့်ကြာ၍ ညောင်စေးကျလျှင် ရပါပြီ။
  • ၈။ ရလျှင် ပုံစံခွက်ထဲသို့ ထည့်ပါ။ ၂ နာရီ (သို့) (၃) နာရီခန့် အအေးခံပါ။

တို့ဟူးကြော်ရန်အတွက်

  • တို့ဟူးအေးလျှင် အနေတော်အတုံးများတုံး၍ အရာပေးပါ။
  • ဆီပူလျှင် ထည့်ကြော်ပါ။
  • အရောင်ရင့်ပြီး ကျွတ်လာလျှင် ဆယ်ယူပါ။

ဒါဆိုရင် တို့ဟူးကြော်ကြွပ်ကြွပ်လေးရပါပြီ။

Video