တို့ဟူးကျိုရန်အတွက် ပါဝင်ပစ္စည်းများ
၁။ မွှေးပဲစိမ်းမှုန့် | ၁၅၀ ဂရမ် |
၂။ ရေ ( စိမ်ရန် ) | ၁၀၀၀ မီလီ |
၃။ ရေ ( ကျိုရန် ) | ၂ ဘူးခွဲ ( နို့ဆီဘူး) |
၄။ ဆား | အနည်းငယ် |
၅။ နနွင်းမှုန့် | အနည်းငယ် |
တို့ဟူးသုပ်ပြုလုပ်ရန်
၁။ နှမ်းနှင့် ငြုပ်သီးအကျက်မှုန့်ထဲသို့ ဆီပူလောင်းထည့်ပါ။ | |
၂။ ကြက်သွန်ဖြူ ထောင်း၍ ရှာလကာရည်နှင့် ဖျော်ထားပါ။ | |
၃။ ထန်းလျက်ရည် ကြိုထားပါ။ ကြက်သွန်ဖြူဆီကျက် ချက်ထားပါ။ | |
၄။ မြေပဲကို ထောင်းထားပါ။ | |
၅။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လျှင် တို့ဟူးကို ပါးပါးလှီး၍ ကြက်သွန်ဖြူ ရှာလကာရည် ၊ ငြုပ်သီးဆီကျက် ၊ ကြက်သွန်ဖြူဆီကျက် ၊ ထန်းလျက်ရည် ၊ ပဲငံပြာရည် အနောက် ၊ ပဲငံပြာရည်အကြည် ၊ နှမ်းဆီ ၊ မြေပဲထောင်းတို့ကို မိမိနှစ်သက်သလို ထည့်၍ သုပ်စားနိုင်ပါသည်။ နံနံပင် ၊ ကြက်သွန်မြိတ် ကြိုက်လျှင် ထည့်နိုင်ပါသည်။ | |
တို့ဟူးကျိုရန်အတွက်
- ၁။ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် ၁ ထုပ်ကို ရေ ၁၀၀၀ မီလီနှင့် ဖျော်ပါ။ ပြီးလျှင် ဇကာဖြင့် စစ်ပါ။ ၅ နာရီ ( သို့ ) ၆ နာရီကြာအောင် စိမ်ထားပါ။
- ၂။ စိမ်ထားသော ပဲစိမ်းရည်မှ အပေါ်ပိုင်း အဝါရောင်ရေ ၈၀၀ မီလီ ဖယ်ထုတ်ပါ။
- ၃။ တို့ဟူးကျိုရန် ကျန်နေသော အဖြူရောင်အနှစ်ကို သုံးပါမည်။
- ၄။ ကျန်နေသော အဖြူရောင်အနှစ်ထဲသို့ ရေ နို့ဆီဘူး ၁ ဘူး ( သို့ ) ရေ ၃၀၀ မီလီ ရော၍ မွှေပေးပါ။
- ၅။ ဒယ်အိုးထဲသို့ ရေနို့ဆီဘူး ၁ ဘူး ခွဲ ( သို့ ) ၇၀၀ မီလီ ထည့်ပါ။
- ၆။ ရေကြက်သီးနွေးထလာလျှင် ဆား / နနွင်း အနည်းငယ် ထည့်ပါ။
- ၇။ ပြီးလျှင် ပဲစိမ်းရည်ကို ဖြည်းဖြည်းချင်း လောင်းထည့်၍ မွှေပေးပါ။
- ၈။ ပဲစိမ်းနံ့ ပျောက်၍ ပျစ်လာလျှင် ပုံစံခွက်ထဲလောင်းထည့်၍ အအေးခံပါ။
တို့ဟူးသုပ်ရန်အတွက် ပါဝင်ပစ္စည်း
- ၁။ မြေပဲ/ နှမ်း
- ၂။ ငြုပ်သီးအကျက်မှုန့်
- ၃။ ထန်းလျက်
- ၄။ ကြက်သွန်ဖြူ
- ၅။ ရှာလကာရည်
- ၆။ ပဲငံပြာရည် အကြည်ရည်
- ၇။ ပဲငံပြာရည် အပျစ်ရည်
- ၈။ နံနံပင် / ကြက်သွန်မြိတ်