၁။ မွှေးပဲကြာဆံ | ၅ကျပ်သား ၁ထုပ် |
၂။ မွှေးငြုပ်ကောင်းမှုန့် | အနည်းငယ် |
၃။ ကြက်အူချောင်း | ၁ချောင်း |
၄။ ကြက်သားလုံး | ၇လုံး (သို့) ၈လုံးခန့် |
၅။ သံပုရာသီး | (၁)ခြမ်း |
၆။ မုန့်ညှင်းရွက် | အနည်းငယ် |
၇။ ငြုပ်သီးအလှော်မှုန့် | အနည်းငယ် |
၈။ ငြုပ်သီးဆီချက် | ထမင်းစားဇွန်း ၁ဇွန်း |
၉။ မြေပဲ | ထမင်းစားဇွန်း ၂ဇွန်း |
- ၁။ ပထမဦးစွာ မွှေးပဲကြာဆံ ၅ကျပ်သားကို (၂၀)မိနစ် ရေစိမ်ပေးပါ။
- ၂။ ကြက်သားလုံး၊ဝက်အူချောင်း ၊မုန့်ညှင်းရွက် တို့ကို လှီးထားပေးပါ။ မြေပဲကို မညက်တညက် ထောင်းထားပါ။
- ၃။ ရေကိုဆူလာအောင် တည်ပေးပါ။ ရေဆူလာလျှင် လှီးထားသော ကြက်သားလုံး၊ ဝက်အူချောင်း၊ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ အရောင်တင်ဆီချက် နှင့် စိမ်ထားသော ပဲကြာဆံတို့ကို ထည့်ပေးပါ။
- ၄။ ပြီးလျှင် မုန့်ညှင်းရွက်၊ မွှေးငြုပ်ကောင်းမှုန့် တို့ကို ထည့်ပါ။
- ၅။ ဟင်းရည်အိုး ချခါနီး သံပုရာရည် ညှစ်ပေးပါ။
စားခါနီး မြေပဲထောင်း ၊ ငရုပ်သီးမှုန့် တို့နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါသည်။