မွှေးပဲစိမ်း | 150 g |
ဆား | အနည်းငယ် |
ရေ | 250 ml |
- ၁။ ပန်းကန်လုံးတစ်လုံးထဲသို့ မွှေးပဲစိမ်းမှုန့်နှင့် ဆားတို့ကိုထည့်ကာ ရေအနည်းငယ်ထည့်၍ ဇွန်းဖြင့်ကြေအောင် မွှေပါ။ ပြီးလျှင် လက်ကျန်ရေကို ထပ်ထည့်၍ မွှေတံဖြင့် မွှေပြီး စကာဖြင့်စစ်ပါ။
- ၂။ ဒယ်အိုးပြားထဲသို့ မုန့်နှစ်ရည်ထည့်ပြီး မုန့်နှစ်ရည်ထည့်ပြီး မုန့်နှစ်ရည်ကို ညီအောင်ညှိ၍ မီးဖိုပေါ်သို့တင်ပါ။ မုန့်သားတင်းလာလျှင် အထက်အောက်လှန်ပေးပြီး ခဏထားပေးပါ။ မုန့်သားကျက်လျှင် မုန့်ကိုခေါက်၍ (သို့) အချပ်လိုက် ပြန်ဆယ်ထားပါ။ ပြီးလျှင် ဒယ်အိုးကို ရေအေးဖြင့်ဆေး၍ အဝတ်သန့်ဖြင့်သုတ်ပြီး မုန့်လေးများကို ဆက်လက်၍ ပြုလုပ်ပါ။ ပဲခေါက်မုန့်အစိုလေးများကို ပြုလုပ်ပြီးလျှင် ဆီပူပူထဲသို့ ထည့်၍ကြော်ပါ။ အရောင်ရဲစပြုလာလျှင် ဆယ်ပေးပါ။
ပဲခေါက်မုန့်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီရှင်