မရမ်းသီးသုပ်နည်း

မရမ်းသီးသုပ်နည်း
၁။ မွှေးပဲကျက်မှုန့်150 ဂရမ် ၁ ထုပ်
၂။ မရမ်းသီး၁၀ကျပ်သား
၃။ ပုဇွန်ထမ်းငံပြာရည်အနည်းငယ်
၄။ငရုတ်သီးစိမ်းအနည်းငယ်
၅။ ငရုတ်သီးအလှော်မှုန့်အနည်းငယ်
၆။ နံနံပင်အနည်းငယ်
၇။ ပုဇွန်ခြောက်အနည်းငယ်
၈။ မြေပဲလှော်၁ဇွန်း (ဇွန်းကြီး)
၉။ ကြက်သွန်နီ၁လုံး
၁၀။ ကြက်သွန်ဖြူဆီချက်၂ဇွန်း (ဇွန်းကြီး)
၁၁။ အချိုမှုန့်၁ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
  • မရမ်းသီးကို ရေစင်အောင်ဆေး၍ ပါးပါးလှီးပါ ။
  • ကြက်သွန်နီ ၁ လုံး ပါးပါးလှီး ထည့်ပါ။ ပုဇွန်ခြောက်နှင့် မြေပဲ ထောင်းထည့်ပါ။ ငရုပ်သီး အကျက်မှုန့် နှင့် ငရုပ်သီးစိမ်း ပါးပါး လှီးထည့်ပါ။ ဟင်းခတ်မှုန့် အနည်းငယ်၊ ပဲငံပြာရည် အနည်းငယ်၊ မွှေးပဲကျက်မှုန့် ဇွန်းကြီး ၂ ဇွန်း နှင့် ကြက်သွန်ဖြူဆီချက်တို့ကို ထည့်၍ သုပ်ပါ။

ခံတွင်းရှင်းပြီး ထမင်းမြိန်စေမယ့် မရမ်းသီးသုပ် ရပါပြီ။

Video