မျှစ်ဆန်လှော်ဟင်းရည်

မျှစ်ဆန်လှော်ဟင်းရည်
၁။မွှေးဆန်အကျက်မှုန့်၁၅၀ ဂရမ် ၁ ထုပ်
၂။ မျှစ်အနည်းငယ်
၃။ ငါးခူ အနည်းငယ်အနည်းငယ်
၄။ ကြက်သွန်ဖြူ အနည်းငယ်အနည်းငယ်
၅။ ငရုပ်သီးစိမ်း အနည်းငယ်အနည်းငယ်
၆။ ဆီ အနည်းငယ်အနည်းငယ်
၇။ မျှင်ငါးပိ အနည်းငယ်အနည်းငယ်
၈။ ဆား အနည်းငယ်အနည်းငယ်
၉။ သကြား အနည်းငယ်အနည်းငယ်
၁၀။ ကြက်သားမှုန့် အနည်းငယ်အနည်းငယ်
၁၁။ ခဝဲသီး အနည်းငယ်အနည်းငယ်
၁၂။ ဂေါ်ရခါးညွှန့် အနည်းငယ်အနည်းငယ်
၁၃။ ပင်စိမ်းရွက် အနည်းငယ်အနည်းငယ်
  • ၁။ ငါးခူကို ကြော်ပြီးနွှင်ထားပါ။
  • ၂။ မွှေးဆန်အကျက်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ရေနှင်ဖျော်ထားပါ။
  • ၃။ ဒန်အိုးထဲသို့ ဆီအနည်းငယ် ၊ ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ် နှင့် စပါးလင်အနည်းငယ်တို့ကို ဆီသတ်ပါ။ မျှင်ငါးပိ အနည်းငယ် ထည့်ပါ။ ရလျှင် ရေ သုံးလီတာခန့်ထည့်၍ ဆူအောင်တည်ပါ။
  • ၄။ ဟင်းရည်အိုးတည်နေချိန်တွင် မျှစ်ကို လှီးပြီး ပြုတ်ထားပါ။
  • ၅။ ခဝဲသီးနှင့် ဂေါ်ရခါးညွှန့်၊ ဆူးပုတ်ရွက်တို့ကို ရေစင်အောင်ဆေးပြီး အဆင်သင့်ပြင်ထားပါ။ ငရုပ်သီးစိမ်းကို ထက်ခြမ်းခွဲထားပါ။
  • ၆။ ဟင်းရည်အိုး ဆူပါက ရေဖျော်ထားသော မွှေးဆန်အကျက်မှုန့် ထည့်ပါ။ လှီးပြီးပြုတ်ထားသော မျှစ် ၊ ဆား အနည်းငယ်၊ သကြားအနည်းငယ် ၊ကြက်သားမှုန့် အနည်းငယ်၊ ခဝဲသီး ၊ ဂေါ်ရခါးညွှန့် ၊ ဆူးပုတ်ရွက် တို့ကို ထည့်ပါ။ ကြော်ပြီး နွှင်ထားသော ငါးခူကို ထည့်ပါ။
  • ၇။ ဟင်းရည်အိုး ချခါနီး ပင်စိမ်းအုပ်ပါ။

ဒါဆိုရင် ထမင်းမြိန်စေမယ့် မျှစ်ဆန်လှော်ဟင်းရည် ရပါပြီ။

Video