၁။ မွှေးတို့ဟူးနွေးမှုန့် | ၁၅၀ ဂရမ် ၁ ထုပ် |
၂။ ရေ | ၁ လီတာခွဲ |
၃။ ရှမ်းခေါက်ဆွဲဖတ် | |
၄။ ကြက်သွန်ဖြူ | အနည်းငယ် |
၅။ အရောင်တင် | အနည်းငယ် |
၆။ ရှကောမှုန့် | အနည်းငယ် |
၇။ မြေပဲ | အနည်းငယ် |
၈။ နှမ်း | အနည်းငယ် |
၉။ ငြုပ်သီးအကျက်မှုန့် | အနည်းငယ် |
၁၀။ ကြက်သွန်မြိတ် | |
၁၁။ နံနံပင် | |
- ၁။ မွှေးတို့ဟူးနွေးမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ရေ ၁ လီတာခွဲဖြင့် ဖျော်ပါ။ ဖျော်ပြီးလျှင် ရေစစ်ဖြင့် စစ်ပါ။ ပြီးလျှင် မိနစ် ၃၀ ခန့် ထားပါ။
- ၂။ ဆီဆူအောင်တည်ပါ။ ပြီးလျှင် ရှကောမှုန့် ၊ ငြုပ်သီးစိမ်းမှုန့် ၊ ငြုပ်အကျက်မှုန့်ထဲ ဆီပူပူလောင်းထည့်ပါ။ ကြက်သွန်ဖြူ မညက်တညက်ထောင်း၍ ဆီသတ်ထားပါ။
- ၃။ တို့ဟူးနွေးကျိုရန်အတွက် မီးအသင့်အတင့်ထား၍ ဒန်အိုးထဲသို့ ဖြည်းဖြည်းချင်းလောင်းထည့်၍ မွှေပါ။ ဆားအနည်းငယ်ထည့်ပါ။ ပဲစိမ်းနံ့ပျောက်၍ ရလျှင် မီးအေးအေးဖြင့် တင်ထားပါ။
- ၄။ တို့ဟူးအေးပြုလုပ်ရန်အတွက် ပန်းကန်တစ်ခုထဲသို့ ခပ်ထား၍ အအေးခံထားပါ။
- ၅။ ဆန်စီးခေါက်ဆွဲ ပြုတ်ပါ။
ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ပါက-
- ပန်းကန်ထဲသို့ ဆန်စီး ခေါက်ဆွဲ ထည့်ပါ။ တို့ဟူးနွေးရည်ထည့်ပါ။ ထို့နောက် မြေပဲထောင်း ၊ နှမ်းထောင်း ၊ ကြက်သွန်ဖြူဆီချက် ၊ ပဲငံပြာရည် အကြည် ၊ ကြာညို့ ၊ အရောင်တင်ဆီ ၊ ရှကောဆီ ၊ ငြုပ်သီးအကျက်ဆီ တို့ဖြင့် မိမိနှစ်သက်သလို ထည့်၍ စားသုံးနိုင်ပါပြီ။ တို့ဟူးနွေးကို ဆန်စီးနှင့် စား၍ ရသလို ဆန်စီးမပါဘဲ အီကြာကွေးနှင့်လည်း သုံးဆောင်နိုင်ပါသည်။
- အအေးခံထားသော တို့ဟူးအေးကိုလည်း ပါဝင်ပစ္စည်းများနှင့် မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။