မွှေးတို့ဟူးနွေးမှုန့်နှင့် တို့ဟူးနွေး လုပ်စားနည်း

မွှေးတို့ဟူးနွေးမှုန့်နှင့် တို့ဟူးနွေး လုပ်စားနည်း
မွှေးတို့ဟူးနွေးမှုန့်၁၅၀ ဂရမ် ၁ ထုပ်
ကြက်သား၂၀ ကျပ်သား
ကြက်သွန်နီအနည်းငယ်
ကြက်သွန်ဖြူအနည်းငယ်
အရောင်တင်မှုန့်အနည်းငယ်
ခရမ်းချဉ်သီး၄ လုံး
ဆားလက်ဖက်ရည်ဇွန်းး ၂ ဇွန်း
အသားမှုန့်လက်ဖက်ရည်ဇွန်းး ၂ ဇွန်း
သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
မြေပဲအနည်းငယ်
နှမ်းအနည်းငယ်
နနွင်းအနည်းငယ်
ဆီ၇ ကျပ်ခွဲသား
ပဲငံပြာရည် (အကြည်)အနည်းငယ်
ထုံချွင် ( ကြာညို့)အနည်းငယ်
ရှကော်လုံးဆီအနည်းငယ်
ကြက်သွန်မြိတ်

ဟင်းအနှစ်ပြုလုပ်ရန်အတွက်

  • ၁။ ဒယ်အိုးထဲသို့ ဆီ ၇ ကျပ်ခွဲသား ထည့်ပါ။ ဆီဆူလာလျှင် ထောင်းထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ၊ အရောင်တင် အနည်းငယ် ထည့်၍ ဆီသတ်ပါ။ ရလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၄ လုံး၊ ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။
  • ၂။ ထို့နောက် အနေတော်တုံးထားသော ကြက်သားထည့်ပါ။ ခဏကြာလျှင် ရေအနည်းငယ်ထည့်ပါ။ ကြက်သားနူး၍ ဆီပြန်လာလျှင် တို့ဟူးနွေးနှင့် စားရန် ကြက်သားဟင်းအနှစ် ရပါပြီ။

တို့ဟူးနွေးပြုလုပ်ရန်အတွက်

  • ၁။ မွှေးတို့ဟူးနွေးမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို နနွင်းအနည်းငယ် ၊ ဆားအနည်းငယ် ၊ ရေ (အမှုန့်တစ်ဆလျှင် ရေ တစ်ဆ) ထည့်ပြီး မွှေပေးပါ။
  • ၂။ ဒယ်အိုးထဲသို့ ရေ ၁ လီတာ ထည့်ပါ။ ရေပူလာလျှင် ဖျော်ထားသော ပဲရည်ကို လောင်းပါ။ မီးအေးအေးဖြင့် အဆက်မပြတ်မွှေပါ။ ပဲစိမ်းနံ့ပျောက်ပြီး မပျစ်မကျဲအနေအထားရလျှင် မီးနွေးနွေးလေးဖြင့် တည်ထားပါ။
  • ၃။ ဆန်စီးထဲသို့ တို့ဟူးနွေးရည် ၊ ချက်ထားသော ကြက်သားအနှစ် ၊ မြေပဲထောင်း ၊ နှမ်းအနည်းငယ် ၊ ပဲငံပြာရည် ( ကြာညို့) ၊ ကြက်သွန်မြိတ် ၊ ဆီသတ်ထားသော ရှကောလုံးဆီအနည်းငယ် ၊ ထုံချွင် ( ကြာညို့) အနည်းငယ် ထည့်ပါ။
    တို့ဟူးနွေး ရပါပြီ။

Video