မွှေးရှယ်တို့ဟူးမှုန့်ဖြင့် တို့ဟူးကျိုပြီး တို့ဟူးသုပ်နှင့် တို့ဟူးကြော် ပြုလုပ်နည်း

မွှေးရှယ်တို့ဟူးမှုန့်ဖြင့် တို့ဟူးကျိုပြီး တို့ဟူးသုပ်နှင့် တို့ဟူးကြော် ပြုလုပ်နည်း
မွှေးရှယ်တို့ဟူးမှုန့်၁၅၀ ဂရမ် ၁ ထုပ်
ဆား(လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
ရေနို့ဆီဘူး၁ ခွက်ခွဲ (သို့) 450 ml

မွှေးရှယ်တို့ဟူးမှုန့်ဖြင့် တို့ဟူးကျိုရန်အတွက်

  • ၁။ မွှေးရှယ်တို့ဟူးမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ရေနို့ဆီဘူးတစ်ခွက်ခွဲ (သို့) 450 ml ထည့်မွှေပေးပါ။ ထို့နောက် ဇကာဖြင့်စစ်ပါ။
  • ၂။ တို့ဟူးကျိုမည့် အိုးထဲသို့ ရေ နို့ဆီဘူး ၁ ဘူး ( သို့) 300ml ထည့်ပါ။
  • ၃။ ရေဆူခါနီးအချိန် နနွင်းအနည်းငယ်ထည့်ပါ။
  • ၄။ ပြီးလျှင် တို့ဟူးမှုန့်ရည် လောင်းထည့်ပါ။ လောင်းထည့်နေစဉ် မွှေပေးပါ။ ညောင်စေးကျသည်အထိ အဆက်မပြတ်မွှေပါ။
  • ၅။ မီးအသင့်အတင့်ဖြင့် ၁၀ မိနစ်ခန့်မွှေပါ။ ( တို့ဟူးသားကောင်းအောင် နာနာမွှေပေးပါ။)
  • ၆။ ပဲစိမ်းနံ့ပျောက်၍ ညောင်စေးကျလျှင် ရပါပြီ။ ပုံစံခွက်ထဲထည့်၍ အအေးခံပါ။

တို့ဟူးသုပ်ရန်အတွက် ပါဝင်ပစ္စည်း

  • ၁။ မွှေးပဲကျက်မှုန့်
  • ၂။ ငြုပ်သီးအကျက်မှုန့်
  • ၃။ ကြက်သွန်ဖြူဆီချက်
  • ၄။ မန်ကျည်းရည်
  • ၅။ ငံပြာရည်
  • ၆။ ဆား
  • ၇။ ဂေါ်ဖီ
  • ၈။ ရှောက်ရွက်

တို့ဟူးသုပ်ရန်အတွက်

  • တို့ဟူးကို အနေတော်လှီးပါ။ ဂေါ်ဖီ ၊ ရှောက်ရွက်တို့ကို ပါးပါးလှီးထားပါ။ ထို့နောက် မွှေးပဲကျက်မှုန့်စသည့် ပါဝင်ပစ္စည်းများနှင့် မိမိနှစ်သက်သလို သုပ်စားနိုင်ပါသည်။

Video