၁။ မွှေးပဲကျက်မှုန့် | အနည်းငယ် |
၂။ မကျီးသီးမှည့် | ၅ ကျပ်သား |
၃။ ထန်းလျက်ခဲ | ၅ ခဲခန့် |
၄။ ဂျင်း | လက်တစ်ဆစ်ခန့် |
၅။ ငရုပ်သီးစိမ်း/ ငရုပ်သီးအကျက်မှုန့် | အနည်းငယ် |
၆။ ကြက်သွန်ဖြူ | ငါးမွှာခန့် |
၇။ နံနံပင် | အနည်းငယ် |
၈။ ဆား / သကြား | အနည်းငယ် |
- ၁။ မကျီးသီးမှည့်ကို ရေစင်အောင်ဆေးပါ။ ရေ ၅၀၀ မီလီကို ဆူအောင်တည်ပါ။ ရေဆူလျှင် ထန်းလျက်ခဲ ထည့်ပါ။ မကျီးသီးမှည့် ထည့်ပါ။ ထန်းလျက်ခဲပျော်အောင် တည်ပါ။
- ၂။ ရလျှင် ဇကာထဲ ထည့်စစ်ပါ။ အနှစ်ရအောင် ဇကာတွင် ကျန်နေသော မကျီးမှည့်များကိုဖတ်များကို ချေပေးပါ။
- ၃။ ဂျင်းလက်တစ်ဆစ်ခန့် ထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူ ငါးမွှာ ထောင်းပါ။ ငရုပ်သီးစိမ်း အနည်းငယ် ထည့်ထောင်းပါ။ ညက်အောင်ထောင်းပါ။
- ၄။ နံနံပင်ကို ပါးပါးလှီးထားပါ။ အားလုံးအဆင်သင့်ဖြစ်ပါက ကျိုထားသော မန်ကျည်းရည် ၊ ဆားအနည်းငယ် ၊ သကြားအနည်းငယ် ၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း ၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအကျက်မှုန့် ၊ မွှေးပဲအကျက်မှုန့် ၂ ဇွန်း ထည့်ပါ။ မွှေပေးပါ။ နံနံပင်ထည့်ပါ။
ဒါဆိုရင် အကြော်မျိုးစုံနှင့် တွဲဖက်စားလို့ရတဲ့ အချဉ်ရည်ရပါပြီ။