အာလူးကိတ် ပြုလုပ်နည်း

အာလူးကိတ် ပြုလုပ်နည်း
မွှေးဂျုံမှုန့်150g
အာလူး300g
သကြား125g
ထောပတ်70g
အုန်းနို့160ml
ရေ125ml
ကြက်ဥ၁ လုံး
စပျစ်ခြောက်အနည်းငယ်
ဆားအနည်းငယ်
  • ၁။ အာလူး 30 g ကို အခွံခွာ အနေတော်အတုံးများတုံး၍ ရေဖြင့် နူးအောင် ပြုတ်ပါ။ အာလူးနူးလျှင် ရေစစ်၍ ဆယ်ပါ။
  • ၂။ ပြုတ်ထားသော အာလူးထဲကို အပူပေးထားသော ထောပတ် ၇၀ ဂရမ် ထည့်၍ အာလူးကို ကြေအောင်ချေပေးပါ။
  • ၃။ အာလူးကြေလျှင် သကြား ၁၂၅ ဂရမ် ၊ ဆားအနည်းငယ် ထည့်ပါ။ အုန်းနို့ ၁၆၀ မီလီ ထည့်ပါ။ သမအောင် မွှေပေးပါ။
  • ၄။ ကြက်ဥ ၁ လုံး ဖောက်ထည့်ပါ။ ရေ ၁၂၅ မီလီ ထည့်ပါ။ မွှေပါ။ မွှေးဂျုံမှုန့် ၁၅၀ ဂရမ် တစ်ထုပ် ထည့်ပါ။ သမအောင်မွှေပါ။
  • ၅။ ရလျှင် ဇကာစစ်ထဲ လောင်းထည့်၍ အဖတ်များ မဖြစ်စေရန် အပေါ်မှ ဖိချေ၍ စစ်ပေးပါ။
  • ၆။ အဆင်သင့်ဖြစ်ပါက မုန့်လင်မယားအိုးကဲ့သို့ ပုံစံခွက် ဒယ်အိုးဖြင့် ပြုလုပ်ပါမည်။
  • ၇။ ပုံစံခွက်ထဲကို ထောပတ်ဆီအနည်းငယ် သုတ်ပေးပါ။ပြီးလျှင် အာလူးအနှစ်ရည် လိုက်ထည့်ပါ။ ခဏအုပ်ပါ။ အပေါ်ယံ အနည်းငယ်တင်းလာလျှင် စပျစ်ခြောက် လိုက်ထည့်ပါ။ ခဏအုပ်ပေးပါ။
  • ၈။ အောက်ပိုင်းရွှေညိုရောင်သန်းလာလျှင် ဆယ်ယူလို့ရပါပြီ။

အရသာကောင်းမွန်သော အာလူးကိတ်လေး ရပါပြီ။

မှတ်ချက်။ ။ ပုံစံခွက်ကို မိမိအဆင်ပြေသလို အကြီး ၊ အသေး အသုံးပြုနိုင်ပါသည်။

Video