၀က်သားလုံးကြော်

၀က်သားလုံးကြော်
၁။ ရွှေလိပ်ပြာ အကြော်မှုန့်75g
၂။ မွှေးငြုပ်ကောင်းမှုန့်အနည်းငယ်
၃။ ဝက်သား၃၀ကျပ်သား
၄။ ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဟင်းခတ်မှုန့်လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ သကြားလက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
၇။ ကြက်သွန်ဖြူ၅မွှာ
  • ၁။ ဝက်သားကို ရေစင်အောင်ဆေး၍ နုတ်နုတ်စင်းပေးပါ။
  • ၂။ ဝက်သားထဲကို ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲတို့ကိုထည့်ပေးပါ။ ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ရွှေလိပ်ပြာ အကြော်မှုန့် ၃ ဇွန်းခွဲ ( သို့) ၇၅ ဂရမ် ၊ မွှေးငြုပ်ကောင်းမှုန့် အနည်းငယ်၊ ကြက်ဥ ၁ လုံး တို့ကို ထည့်၍ သမအောင် မွှေပေးပါ။
  • ၃။ ခဏ နှပ်ထားပါ။
  • ၄။ ဆီဆူလျှင် အလုံးလေးများ ပြုလုပ်၍ ထည့်ကြော်ပါ။ ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူပါ။

ဝက်သားလုံးကြော်ရပါပြီ။

Video