| ၁။ မွှေးကော်မှုန့် | 150g | 
| ၂။ ဝက်သား | ၂၅ကျပ်သား (400g) | 
| ၃။ ငုံးဥ | အနည်းငယ် | 
| ၄။ မုန်လာဥနီ | ၁၂ကျပ်ခွဲသား (200g) | 
| ၅။ ကြက်သွန်မြိတ် | အနည်းငယ် | 
| ၆။ ဆား | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) | 
| ၇။ သကြား | ၂ ဇွန်းခွဲ ( လက်ဖက်ရည်ဇွန်း) | 
| ၈။ ဟင်းခတ်မှုန့် | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) | 
| ၉။ ပဲငံပြာရည် အကြည်ရည် | ၁ ဇွန်း (ထမင်းစားဇွန်း) | 
| ၁၀။ နှမ်းဆီမွှေး | ၂ ဇွန်း (ထမင်းစားဇွန်း) | 
| ၁၁။ ခရုဆီ | ၁ ဇွန်း (ထမင်းစားဇွန်း)၁ | 
- ၁။ ဝက်သား ၂၅ ကျပ်သားကို နုပ်နုပ်စဉ်းပါ (သို့) ကြိတ်ပါ။
- ၂။ မုန်လာဥနီကို ခြစ်ထားပါ။ ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။
- ၃။ ပန်းကန်တစ်ခုထဲသို့ နုပ်နုပ်စဉ်းထားသော ဝက်သား ၊ ခြစ်ထားသော မုန်လာဥနီ ၊ ကြက်သွန်မြိတ် ၊ ခရုဆီ ၁ ဇွန်း ၊ ပဲငံပြာရည် အကြည်ရည် ၁ ဇွန်း ၊ နှမ်းဆီမွှေး ၂ ဇွန်း ၊ ငြုပ်ကောင်းအနည်းတို့ကို ထည့်ပါ။ မွှေးကော်မှုန့် ၄ ဇွန်း (၈၅ ဂရမ်) ထည့်ပါ။
- ၄။ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီးပါက သမအောင်နယ်ပါ။
- ၅။ နယ်ပြီးလျှင် အနေတော် အလုံးလေးများလုပ်၍ အလယ်ကို လက်ညိုးနှင့် ဖိ၍ အခွက်ပုံစံ လုပ်ပေးပါ။
- ၆။ ငုံးဥကို ဝက်သားလုံးအခွက်ထဲသို့ ဖောက်ထည့်ပါ။
- ၇။ ရလျှင် ၁၂ မိနစ် ( သို့) ၁၅ မိနစ်ခန့် ပေါင်းပါ။
- ၈။ ပေါင်း၍ ရလျှင် ကြက်သွန်မြိတ် ဖြူးပေးပါ။
ဒါဆိုရင် စားချင်စဖွယ် ငုံးဥ ဝက်သားပေါင်း ရပါပြီ။ ဆော့စ်နှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါသည်။