၁။ ရွှေလိပ်ပြာ ၁၅၀ ဂရမ် | ၁ ထုပ် |
၂။ ငါးကြင်း | ၅၀ ကျပ်သား |
၃။ မုန်လာဥနီ | ၁၀ ကျပ်သား |
၄။ ကြက်သွန်ဖြူ | ၃ လုံး |
၅။ ကြက်သွန်နီ | ၁ လုံး |
၆။ ကြက်ဥ | ၂ လုံး |
၇။ ဂျင်း လက် | ၂ ဆစ် |
၈။ ဆား | ၂ ဇွန်း ( လက်ဖက်ရည်ဇွန်း) |
၉။ ဟင်းခတ်မှုန့် | ၁ ဇွန်း ( ဇွန်းကြီးး ) |
၁၀။ သကြား | ၁ ဇွန်း ( ဇွန်းကြီး) |
- ၁။ ပထမဦးစွာ ငါးကြင်း ၅၀ ကျပ်သား ကို ရေနှင့်ပြုတ်ပေးပါ။ ငါးနူးလျှင် ဆယ်ပြီး အရိုးနွှင်ထားပါ။
- ၂။ မုန်လာဥနီ ၁၀ ကျပ်သား (160g)ကို အခွံခွါ၍ ခြစ်ဖြင့်ခြစ်ပါ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ထောင်းထားပါ။
- ၃။ ဂျင်းကို ထောင်း၍ ရေအနည်းငယ်ထည့်ပြီး ဂျင်းရည်ပြုလုပ်ထားပါ။
- ၄။ အဆင်သင့်ဖြစ်ပါက နွှင်ထားသော ငါး ၊ ခြစ်ထားသော မုန်လာဥနီ ၊ ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းရည် ၊ ဟင်းခတ်မှုန့် ၊ သကြား ၊ ဆား နှင့် ရွှေလိြပ်ပာ အကြော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ထည့်ပါ။ ကြက်ဥနှစ်လုံးဖောက်ထည့်ပါ။ ပြီးလျှင် သမအောင်နယ်ပေးပါ။
- ၅။ ဆီဆူလျှင် အနေတော်အလုံးလေးများ လုပ်၍ ထည့်ကြော်ပါ။ ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူ၍ ဆီစစ်ထားပါ။
အရသာကောင်းမွန်သော ငါးအသားလုံးကြော်ကို ထမင်းနှင့် တွဲဖက်၍ သုံးဆောင်နိုင်သလို ဆော့စ်နှင့် တွဲဖက်၍လည်း သုံးဆောင်နိုင်ပါသည်။