ပုလဲ

ပုလဲ
မွှေးကော်150 g
သကြား30 g
ရေ125 ml
  • ၁။ ပန်းကန်လုံးတစ်လုံးထဲသို့ မွှေးကော်မှုန့်ကို ထည့်ထားပါ။
  • ၂။ ရေကိုဆူူအောင်တည်ပါ။ ရေဆူလာလျှင် မွှေးကော်မှုန့်ထည့်ထားသော ပန်းကန်ထဲသို့ လောင်းထည့်၍ န့ှံအောင်မွှေပါ။ ပြီးလျှင် သမအောင် နာနာနယ်ပါ။
  • ၃။ စဉ်းနှီးတုံးပေါ်သို့ ဂျုံမှုန့်အနည်းငယ်ဖြူးကာ နယ်ထားသောမုန့်သားကို တင်၍ လှိမ့်ပြီး အနေတော် ၄/၅ ပိုင်းလောက်ပိုင်းကာ တစ်ပိုင်းစီကို ထပ်လှိမ့်၍ အပိုင်းသေးသေးလေးများဖြစ်အောင် ပိုင်းပါ။ အပိုင်းလေးများ ပိုင်းပြီးလျှင် အလုံးသေးသေးလေးများဖြစ်အောင် လုံးပါ။ ပြီးလျှင် ရေပွက်ပွက်ဆူထဲတွင် မိနစ် ၂၀ ခန့် ထည့်ပြုတ်ပြီး ရေပေါ်ပေါ်လာလျှင် ဆယ်ကာ သကြားထည့်၍ မွှေပါ။

ကြိုက်နှစ်သက်ရာ အအေးထဲသို့ ပုလဲလုံးလေးများကို ထည့်၍ အမောပြေ သောက်သုံး နိုင်ပါပြီရှင်

Video