| ရွှေလိပ်ပြာ | 150 g | 
| မွှေးဂျုံမှုန့် | 30 g / ဇွန်းကြီး တစ်ဇွန်းခွဲ | 
| မွှေးငြုပ်ကောင်းမှုန့် | 1 ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း) | 
| ရေ | 300 ml | 
| ကြက်ဥ | 5 လုံး | 
| ဆား | 1 ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း) | 
| ပဲပြုတ် | အနည်းငယ် | 
| မဆလာ | အနည်းငယ် | 
| အရသာမှုန့် | အနည်းငယ် | 
| ဂေါ်ဖီ | အနည်းငယ် | 
| ငြုပ်သီးစိမ်း | အနည်းငယ် | 
| နံနံပင် | အနည်းငယ် | 
| ခရမ်းချဉ်သီး | အနည်းငယ် | 
| ကြက်သွန်မြိတ် | အနည်းငယ် | 
- ရွှေလိပ်ပြာ၊ မွှေးဂျုံ၊ ဟင်းခတ်မှုန့်၊ ဆားနှင့် ရေတို့ကို ထည့်၍ သမအောင် မွှေပါ။ ပြီးလျှင် ၁၅ မိနစ် (သို့) မိနစ် ၃၀ ခန့် နှပ်ထားပါ။
- ပါးပါးလှီးထားသော ဂေါ်ဖီ၊ နံနံပင်နှင့် ငြုပ်သီးစိမ်းတို့ကို ထည့်၍ နယ်ပါ။
- ကြက်ဥကို ခလောက်၍ ပလပ်စဆစ်ဗူးရှည်ထဲသို့ ထည့်ထားပါ။
- မုန့်လုပ်ပုံစံခွက်ဒယ်အိုးထဲသို့ ဆီထည့်ပါ။ ပြီးလျှင် မုန့်နှစ်ရည်ကို လောင်းထည့်ပါ။ ပဲပြုတ်၊ နှယ်ထားသော (ဂေါ်ဖီ၊ ငြုပ်သီးစိမ်း၊ နံနံပင်)၊ အရသာမှုန့်၊ မဆလာ တို့ကို ထည့်ပါ။ ပြီးလျှင် ခလောက်ထားသော ကြက်ဥကို မုန့်၏အပေါ်တွင် လိုက်ထည့်ပါ။ ကြက်ဥဆမ်းထားသော အပေါ်မှ ဆီဆမ်း၍ အဖုံးအုပ်ထားပါ။ ခဏကြာလျှင် အဖုံးဖွင့်၍ အထက်အောက် လှန်ပေးပါ။ မုန့်သားကျက်လျှင် ပန်းကန်တစ်ချပ်ထဲသို့ ဆယ်ပါ။
အရသာရှိသော ရွှေလိပ်ပြာမုန့်ကို စားသုံးနိုင်ပါပြီရှင်